၁*တစ်စတစ်စစွန့်ဝံ့မှလျင်ဘဝနောက်နှောင်းဆက်တိုင်းကောင်း၏။(ဦးရွှေအောင်)
၂*ကိုယ်တည်းတစ်ယောက်ကောင်းဖို့ရောက်မူခုလောက်ကြိုးကုတ်အားမထုတ်ဘူး။(အရှင်ဇနကာဘိဝံသ)
၃*အများအကြိုးရွက်သယ်ပိုးကခနိုးခနဲ့ဆိုကဲ့ရဲ့လည်းမရွဲ့မစောင်းကိုယ့်လမ်းကြောင်းကိုစိတ်ကောင်းနှင့်ရှင်ခရီးနှင်လော့။
အမှန်ဝန်ခံကြေးမိတ်ဆွေ။ကျွန်တော်မိသားစုနဲ့ခွဲပြီးမဖြစ်မနေခရီးမှလွဲ၍ခွဲမနေချင်သလိုသင်လည်းအတူတူစိတ်ခံစားရမယ်ယုံပါတယ်။
မိမိတစ်ကိုယ်ကောင်းစားရေး။မိမိမိသားစု။မိမိဆွေမျိုးကောင်းစားရေးတို့သာကြီးစိုးနေတဲ့ကာလမှာမိမိတစ်ကိုယ်။မိမိမိသားစုအတွက်မကြည့်ဒုက္ခရောက်သူအပေါင်းအားကယ်တင်မည်ဟူသည့်စိတ်ကောင်းစေတနာကောင်းမွေးပြီးအချို့သောမနာလိုဝန်တိုသူတို့၏ဒုက္ခပေးခြင်းကိုခံကာသုခတွေပေးချင်ဇောတွေနဲ့အနစ်နာခံကာစွန့်ဝံ့သူတွေကိုတွေ့ရတော့ကိုယ်သာသူ့လိုမလုပ်နိုင်ပေမယ့်ကျိတ်ပြီးတော့ကြည်ညိုနေမိတာအမှန်ပဲ။ဘယ်သူတွေလဲဆိုတာတော့မပြောလဲသိကြမှာပါ။ကျွန်တော့်အတွက်။ကျွန်တော့မိသားစုအတွက်ဆန္ဒမပြရဲဘူး။ထောင်ကျမခံရဲဘူး။မတရားသဖြင့်နှိပ်စက်မခံရဲဘူး။
ကျွန်တော့မိသားစု ကျွန်တော့သားသမီးတွေနဲ့ခွဲပြီးမနေနိုင်ဘူး။စွန့်ဝံ့သူတွေကတော့ရှိနေတယ်။ဒီလိုစွန့်ဝံ့ဗသူကိုယ်ကြိုးမရှာသူတွေဒီနိုင်ငံမှာရှိနေတယ်ရှာကြည့်ပါတွေ့ပါလိမ့်မယ်။သူတို့ကိုအားမပေးရဲရင်တောင်မကောင်းပြောဖို့ဖြစ်သင့်ပါသလားဆိုတာတွေးပြီးနေထိုင်ကြရအောင်လားမိတ်ဆွေ။